|
||||||||
|
|||||||||||||
ချွမ့်ဒီရှရွာဟောင်းဟာ ပီကင်းမြို့အနောက်ပိုင်းဆင်ခြေဖုံးဒေသမှာ တည်ရှိပြီး မင် မင်းဆက်နဲ့ ချင်မင်းဆက်ခေတ်က ဆောက်လုပ်ထားတဲ့ စိဟိုယွမ့်ဟောင်းတွေ အများကြီးရှိတယ်လေ။စိဟိုယွမ့်ဆိုတာ ပီကင်းရိုးရာရှေးဟောင်းအိမ်ပုံစံဖြစ်ပါတယ်။ အရှေ့ ၊အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာမှာ နေအိမ်၊သို့မဟုတ် နံရံတွေနဲ့ ဝိုင်းရံပြီး အိမ်ခြံနဲ့ နေအိမ်တွေ ပေါင်းစည်းထားတဲ့ အိမ်ပုံစံတစ်မျိုးဖြစ်တယ်။အဲရွာဟာ ခုဆိုရင် နှစ်ပေါင်း၄၀၀ကျော်ကြာသမိုင်းရှိနေပြီ။ ရွာသူရွာသားတွေဟာ အဆောက်အအုံဟောင်းတွေကို တတ်နိုင်သလောက်ထိန်းသိမ်းကြတာမို့ ရွာထဲမှာ စိဟိုရွမ်ဟောင်း ၇၀ကျော်ကို အခုထိ ရှေးလက်ရာမပျက် ထိန်းသိမ်းထားနိုင်သေးတယ်။ ဒါကြောင့် အဲရွာဟာ တရုတ်သမိုင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမှု ကျေးရွာနာမည်စာရင်းမှာ ထိပ်ဆုံးကပါဝင်တယ်။
|