• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းမြို့ရဲ့ပြတိုက်များ(၁)

(GMT+08:00) 2011-09-07 14:42:32

 

ပီကင်းမြို့ဟာ တရုတ်နိုင်ငံရဲ့ မြို့တော်ဖြစ်သလို ကမ္ဘာသမိုင်းမှာ ကာလရှည်ကြာစွာ အလွန်နာမည်ကျော်ကြားခဲ့တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှုဗဟို     ဖြစ်တဲ့ ပီကင်းမြို့မှာ ပြတိုက်အမျိးမျိုးရှိပါတယ်၊ အဲဒီပြတိုက်တွေဟာ ပီကင်းမြို့အတွက်သာ  မဟုတ်ဘဲ တရုတ်နိုင်ငံကို ကောင်းစွာ နားလည်သိရှိဖို့ ပြတင်းပေါက်တစ်ခုလည်း ဖြစ်ပါတယ်။

    ပီကင်းမြို့မှာ ပြတိုက်အလွန်များပါတယ်။ဒါပေမဲ့ တရုတ်ပြည်သစ်တည်ထောင်ခါစက   ပီကင်းမြို့မှာ ပြတိုက်၃ခုပဲရှိပါတယ်။ တရုတ်ပြည်သစ်တည်ထောင်ပြီးတော့  ပြတိုက်   လုပ်ငန်းအလျင်အမြန် တိုးတက်လာပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ်၈၀ပြည့်လွန်နှစ် အနှောင်ပိုင်း     ရောက်တော့  ပြတိုက်ပေါင်း ၆၀ကျော်အထိ တိုးများလာပါတယ်။ အစပိုင်းမှာ ပီကင်းမြို့ရဲ့       ပြတိုက်အမျိုးအစားဟာ သမိုင်းပြတိုက်သာရှိပါတယ်။ နောက်ပိုင်းကျတော့ သိပံ္ပနဲ့နည်ပညာ၊အထွေထွေ၊ တိုင်းရင်းသားလူမျိုးစု၊ စစ်ရေးနဲ့သီးသန့်လုပ်ငန်းဆိုင်ရာ  ပြတိုက်များလည်း တိုးများလာပါတယ်။

    ပီကင်းမြို့မှာ နာမည်အကျော်ကြားဆုံးသောပြတိုက်ကို သောတရှင်များ သိကြပါသလား၊ ဟုတ်ကဲ့၊ အဲ့ဒီပြတိုက်က ပီကင်းမြို့ရှေးဟောင်းနန်းတော်ပြတိုက်ပါ။ဒါဟာ တရုတ်ပြည်မှာ အကြီးဆုံးပြတိုက်ဖြစ်ပါတယ်၊အထွေထွေပြတိုက်ဖြစ်တဲ့ ရှေးဟောင်း ပြတိုက်ထဲ့မှာ များပြားလှတဲ့ ပါရဂူများ၊ ပညာရှင်းများ ရဲ့သုတေသန အောင်မြင်မှုများကို စုစည်းထိန်းသိမ်းထားတဲ့အပြင်  နန်းတွင်းရာဇ၀င် အမွေများ၊ ရှေးဟောင်းဗိသုကာ လက်ရာများနဲ့ တရုတ်ပြည်ရှေးဟောင်း အနုပညာလက်ရာများ ကိုလည်း ခင်းကျင်းပြသ ထားပါတယ်။

(ရှေးဟောင်းနန်းတော်ပြတိုက်)

     ပီကင်းမြို့မှာ သမိုင်းဆိုင်ရာပြတိုကအကြောင်းကိုပြောရမယ်ဆိုရင် တရုတ်နိုင်ငံ သမိုင်းပြတိုက်၊တရုတ်နိုင်ငံတော်လှန်ရေးပြတိုက်၊ တရုတ်နိုင်ငံစစ်သမိုင်း ပြတိုက် စတာတွေဟာ  သမိုင်းဆိုင်ရာ ပြတိုက်တွေဖြစ်ပါတယ်။ ယဉ်ကျေးမှုလက်ရာပစ္စည်း ၃သိန်းကျော် ထိန်းသိမ်းထားပါတယ်။ ပြတိုက်မှာ ရှေးဟောင်းပစ္စည်းများ၊ အချက်အလက်စာတမ်းများ၊ သရုပ်ပြပုံများ၊ပုံစံ    များစတာတွေ နဲတရုတ်ပြည်သမိုင်း ဖြစ်စဉ်ကို ပြသရှင်းလင်းထားပါတယ်။တရုတ်ပြည်သူ့ လောက တိုးတက်လာရေး သမိုင်းကြောင်းကို လေ့လာဖို့နေရာကောင်းဖြစ်တယ်။

   Webradio