• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ကင်ညာတို့သည်စာချုပ်များကို ချုပ်ဆိုနိုင်ဖွယ်ရာရှိ

(GMT+08:00) 2019-03-20 17:31:48

ဒေသစံတော်ချိန် ယခုလ၁၉ရက်နေ့က ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မီဒီယာနှင့် တတ်သိပညာရှင်များအတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ကင်ညာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှယာယီတာဝန်ခံ လီရှုဟန်က တရုတ်နိုင်ငံသည် ကင်ညာနိုင်ငံခေါင်းဆောင်များအား ဒုတိယအကြိမ် Belt and Road ထိပ်သီးအစည်းအဝေးကို ပါဝင်ရန် ဖိတ်ခေါ်ပါကြောင်း၊ တရုတ်နှင့် ကင်ညာနှစ်နိုင်ငံတို့သည် ကင်ညာမှလယ်ယာထွက်ကုန်ပစ္စည်းများ တရုတ်ပြည်သို့ တင်ပို့ရောင်းချရေးကို တိုးချဲ့ဆောင်ရွက်ရန်နှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းစဉ်များကို ရင်းနှီးမြှုပ်နှံရန်စသော နယ်ပယ်များနှင့်ပတ်သက်၍ စာချုပ်များကို ချုပ်ဆိုနိုင်ဖွယ်ရာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

   Webradio