• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အီတလီ မီဒီယာ၌ ဆောင်းပါး ထုတ်ပြန်

(GMT+08:00) 2019-03-20 15:15:18

အီတလီ ခရီးစဉ် စတင်တော့မည့် ယခုလ ၂၀ ရက်နေ့တွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီတလီ Corriere Della Sera သတင်းစာတွင် "အရှေ့တိုင်းနှင့် အနောက်တိုင်းနိုင်ငံများ ကူးလူးဖလှယ်ရေး သတင်းကောင်းများ၊ တရုတ်- အီတလီ ချစ်ကြည်ရေး အခန်းကဏ္ဍသစ် ဆက်လက် ဖွင့်လှစ်မည်" ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ်ကို ရေးသား ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယင်းဆောင်းပါးတွင်၊ မွန်မြတ်သော ယဉ်ကျေးမှုများကို ဖန်တီးကြသည့် တရုတ်နှင့် အီတလီ နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှု သမိုင်းသက်တမ်း ကြာမြင့်ပြီး ယနေ့တွင်လည်း နှစ်နိုင်ငံ ဆက်ဆံမှုမှာ ဆက်တိုက် ရှင်သန်စွာ တိုးတက် လာနေကြောင်း၊ ၁၉၇၀ ပြည့်နှစ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီတလီ သမ္မတ နိုင်ငံတို့ သံတမန် ဆက်ဆံရေး ထားရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ နှစ် ၅၀ ပြည့်မြောက်မည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နောက်ပိုင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ နှစ်နိုင်ငံတို့သည် အစဉ်တစ်စိုက် အပြန်အလှန် ယုံကြည်ပြီး ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကာ၊ လူမှုရေး စနစ်၊ ယဉ်ကျေးမှု အခြေအနေနှင့် ဖွံ့ဖြိုးရေး အဆင့်ကာလ မတူခြားနားသော နိုင်ငံအကြား အပြန်အလှန် အကျိုးရှိစေရေးဆိုင်ရာ စံနမူနာကောင်းကို ထူပြနိုင်ခဲ့ကြောင်း ရေးသားထားပါသည်။

ယင်းဆောင်းပါးတွင်၊ နှစ် ၅၀ အတွင်း နှစ်နိုင်ငံ ဆက်ဆံမှုတွင် တိုးတက် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ခေတ်သစ်တွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှင်သန် ကောင်းမွန်ပါကြောင်း၊ တရုတ်ပြည်သူများသည် ချစ်ခင်ရင်းနှီးသော အီတလီ ပြည်သူများနှင့် လက်တွဲပြီး နှစ်နိုင်ငံ ဆက်ဆံမှု ပိုမို ရှင်သန် တိုးတက် လာအောင် ကြိုးပမ်းရန် မျှော်လင့်နေကြောင်း ရေးသားထားပါသည်။

   Webradio