• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသီးသန့်ရန်ပုံငွေ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို တရုတ်နှင့်ထိုင်းချုပ်ဆို

(GMT+08:00) 2019-03-20 14:37:26

မတ်လ ၁၈ ရက်နေ့က ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးလွီကျက်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီးဘူဆာယာတို့သည် ဘန်ကောက်မြို့၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသီးသန့်ရန်ပုံငွေ  "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံ များ ညှိနှိုင်းဆောင်ရွက်သည့်ပုဂ္ဂိုလ်များ အရည်အချင်းမြှင့်တင်ရေး" လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အတူချုပ်ဆိုခဲ့သည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်သံအမတ်ကြီးသို့မဟုတ် ကိုယ်စားလှယ်များသည် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio