• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သက်ရှိဘုရား ဝင်စားခြင်းအကြောင်း နိုင်ငံတော်၏ စည်းမျဉ်းဥပဒေနှင့် ဘာသာရေး သတ်မှတ်ချက်၊ လုပ်ထုံးလုပ်နည်းကို လိုက်နာသင့်သည်ဟု ကင်စွမ် ဆို

(GMT+08:00) 2019-03-20 10:03:11

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ဒါလိုင်လားမား အပါအဝင် သက်ရှိဘုရား ဝင်စားခြင်းအကြောင်းတွင် နိုင်ငံတော်၏ စည်းမျဉ်း ဥပဒေနှင့် ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ သမိုင်းမှ သတ်မှတ်ချက်များကို လိုက်နာ သင့်ကြောင်း ယခုလ ၁၉ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

သက်ဆိုင်ရာသတင်းအရ၊ ဒါလိုင်လားမားက၊ နောင်ဘဝ ဒါလိုင်လားမား လူဝင်စားသောကလေးသည် အိန္ဒိယ၌ ပေါ်ထွင်းနိုင်မည် ဖြစ်ပြီး တရုတ်ပြည်၌ ပေါ်ထွန်းလျှင်မူ အသိအမှတ်ပြု ခံရမည် မဟုတ်ဟု မကြာမီက ပြောဆိုခဲ့ပါသည်။

ယင်းနှင့် ပတ်သက်ပြီး ကင်စွမ်က၊ သက်ရှိဘုရား ဝင်စားရေးအကြောင်းသည် ဇန့်လူမျိုး ဗုဒ္ဓဘာသာ၏ အထူးသတ်မှတ်ထားသည့် ဆက်ခံသည့်ပုံစံ အဖြစ် သတ်မှတ်ပြီး စနစ်နှင့် လုပ်ထုံးလုပ်နည်း ရှိကြောင်း၊ တရုတ်အစိုးရသည် လွတ်လပ်စွာ ဘာသာရေး ကိုးကွယ်မှု ပေါ်စလီ ကျင့်သုံးနေကာ၊ ဘာသာရေး စည်းမျဉ်းဥပဒေနှင့် ဇန့်လူမျိုး သက်ရှိဘုရား ဝင်စားခြင်း နည်းဥပဒေ ရှိပြီး ဇန့်လူမျိုး ဗုဒ္ဓဘာသာ၏ ဆက်ခံ ပုံစံကို လေးစား ထိန်းသိမ်း ကာကွယ်နေကြောင်း၊ ဒါလိုင်လားမား ဝင်စားရေး လုပ်ထုံးလုပ်နည်းမှာ သမိုင်း သက်တမ်း နှစ် ရာပေါင်းများစွာ ရှိပြီ ဖြစ်ပြီး ၁၄ ဆက်မြောက် ဒါလိုင်လားမား ကိုယ်တိုင်လည်း ဘာသာရေးမှ သတ်မှတ်သည့်အတိုင်း ရှာဖွေ အတည်ပြု၍ ယင်းအချိန်တုန်းက ဗဟို အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဒါလိုင်လားမား အဖြစ် အတည်ပြုခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ဒါလိုင်လားမား အပါအဝင် သက်ရှိဘုရား ဝင်စားရေးအကြောင်းတွင် နိုင်ငံတော်၏ စည်းမျဉ်း ဥပဒေနှင့် ဘာသာရေး လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း ရှင်းလင်းပြောကြားပါသည်။ (ကျော့)

   Webradio