• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တရားဥပဒေအသင်း အဋ္ဌမ အကြိမ် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-03-20 10:01:52

တရုတ် တရားဥပဒေအသင်း အဋ္ဌမ အကြိမ် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးကို ယခုလ ၁၉ ရက်နေ့က ပီကင်း၌ စတင် ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ သွားရောက် ထောမနာ ပြုခဲ့ကြကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို နိုင်ငံရေးနှင့် တရားရေး ကော်မတီ အတွင်းရေးမှူးချုပ် ကိုရှင်းခွင်းသည် ပါတီဗဟိုကော်မတီ၏ တာဝန် အပ်နှင်းမှုနှင့်၊ ဘက်စုံ ဥပဒေ စိုးမိုးရေး ဖြစ်စဉ်သစ်တွင် လုပ်ငန်းတာဝန်သစ်များကို ထမ်းဆောင်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပခဲ့သည့်နောက်ပိုင်း တရုတ်ပြည်၏ ဥပဒေ စိုးမိုးရေး လုပ်ငန်းတွင် သမိုင်းဝင် တိုးတက်အောင်မြင်မှုများ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio