• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ကော်မတီ သတ္တမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပ

(GMT+08:00) 2019-03-20 10:00:16

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက ဗဟို ပြုပြင်ပြောင်းလဲမှု ဘက်စုံ ဇောက်ချ ပြုလုပ်ရေး ကော်မတီ သတ္တမ အကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ မျက်မှောက် အချိန်ကာလ၌ အရေးကြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များစွာသည် တွန်းအားပေး ဖေါ်ဆောင်ရန် သော့ချက်ကျသည့် ကာလသို့ ရောက်နေပြီ ဖြစ်ကြောင်း၊ ဦးတည်ချက် မှန်မှန် စွဲကိုင်ပြီး လက်တွေ့ကျ အကျိုး သက်ရောက်မှုများ ရရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အခြေခံ လုပ်ငန်းများကို အနှောင့်အယှက် ဖြစ်နေသော အပေါ်ယံပုံစံကျရေး ဆိုင်ရာ ပြဿနာများကို ပြုပြင် ပြောင်းလဲရေးဖြင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ပြီး အရေးကြီး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်မှုများကို ဦးလည်မသုန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အစည်းအဝေး၌ "ခေတ်သစ်တွင် အနောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးကို တွန်းအားပေးပြီး အခြေအနေသစ် ဖြစ်တည်အောင် ဆောင်ရွက်ရေး လမ်းညွှန်စာတမ်း"၊ "ကျေးလက်ဒေသ စီမံခန့်ခွဲမှု တွန်းအားပေးရေးဆိုင်ရာ လမ်းညွှန်စာတမ်း" အပါအဝင် စာတမ်းများကို စိစစ် အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio