• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှု အရည်အသွေး မြှင့်တင်မည်

(GMT+08:00) 2019-03-20 09:58:46

ယခုနှစ်၏ နိုင်ငံခြား ကုန်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး တရုတ် အစိုးရသည် "တည်ငြိမ်မှုထဲတွင် အရည်အသွေး တိုးမြှင့်ရမည်"ဟု တင်ပြထားပါသည်။ ယင်းနှင့် ပတ်သက်ပြီး မကြာမီက တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ပြည်လုံးဆိုင်ရာ သွင်းကုန် ပို့ကုန် လုပ်ငန်း အစည်းအဝေးကို ခေါ်ယူကျင်းပပြီး၊ တရုတ်ပြည်၏ ကုန်သွယ်ရေး စနစ်တွင် ကဏ္ဍစုံ ဈေးကွက်များ တစ်ဆင့်တိုး တိုးချဲ့ရန်၊ နိုင်ငံတကာ ဈေးကွက်၌ စီမံ ချထားမှု ပိုမို ကောင်းမွန်စေရန်၊ သွင်းကုန် တိုးချဲ့မှုကို တက်ကြွစွာ တိုးမြှင့်ရန်နှင့် သွင်းကုန်လုပ်ငန်း ဖွဲ့စည်းပုံ ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးရန် ညွှန်ကြားထားပါသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကျုံးရှန်းက၊ "တည်ငြိမ်မှုထဲတွင် အရည်အသွေး တိုးမြှင့်ရမည်" ဟူသည်မှာ ပထမ ဦးစွာ လက်ရှိ ဖွံ့ဖြိုးတိုးတက်ရေး အတိုင်းအတာနှင့် ဈေးကွက်များ ပုံမှန် တည်ငြိမ်လာအောင် ထန်းသိမ်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အနာဂတ်တွင် နည်းပညာ၊ အရည်အသွေးနှင့် အပို တန်ဖိုး မြင့်မားသော ကုန်ပစ္စည်း တင်ပို့ ရောင်းချမှုကို အားပေးရမည် ဖြစ်ပြီး ဤသို့ဖြင့် နိုင်ငံတကာ တန်ဖိုး ကွင်းဆက်၌ တရုတ်ပြည်၏ အဆင့်နေရာကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကုန်ပစ္စည်း တင်သွင်းမှုကို တက်ကြွစွာ တိုးချဲ့ ရမည် ဖြစ်ပြီး ပြည်တွင်း ဈေးကွက် ဝယ်လိုအားကို ဖြည့်ဆည်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ၄င်းက၊ တရုတ်နိုင်ငံသည် ဒုတိယအကြိမ် သွင်းကုန် ကုန်စည်ပြပွဲကို စည်းရုံး ပြင်ဆင်နေကြောင်း၊ ယင်းကုန်စည်ပြပွဲတွင် ပိုမို များပြားသော အခွင့်အလမ်းနှင့် ရောင်းဝယ်မှု ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio