• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပ ၃နိုင်ငံ၏ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဥရောပ၃နိုင်ငံခရီးစဉ်သည် တရုတ်နှင့် ၃ နိုင်ငံတို့အကြား ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်စေမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကဆို

(GMT+08:00) 2019-03-19 16:24:45

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က ယမန်နေ့ ၁၈ ရက်နေ့က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အီတလီ၊ မော်ရိုကိုနှင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ခရီးလှည့်လည်ရာ၎င်း ၃နိုင်ငံမှ ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယင်းမှာ တရုတ်နှင့် ၄င်း ၃ နိုင်ငံတို့အကြား နို်င်ငံရေးဆိုင်ရာ အပြန်အလှန်သိရှိနားလည်မှုနှင့် အခြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးမည့်အပြင် ၄င်းတို့နှင့် ဆက်ဆံမှုကိုလည်း အားသစ်လောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

   Webradio