• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်တက္ကသိုလ်တရုတ်စာအုပ်စင်တာဖွင့်လှစ်

(GMT+08:00) 2019-03-19 16:22:27

ယမန်နေ့၁၈ရက်နေ့က ဖိလစ်ပိုင်တက္ကသိုလ်တရုတ်စာအုပ်စင်တာကို ဖိလစ်ပိုင် တက္ကသိုလ်အာရှယဉ်ကျေးမှုစင်တာတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတကာထုတ်ဝေရေး အုပ်စုနှင့် China Reportမဂဇင်းဌာနတို့သည် ယင်းစင်တာသို့ တရုတ်စာအုပ် အုပ်ရေ၁၀၀၀ကို ပထမအကြိမ် လှူဒါန်းပေးခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

    ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံရုံးယာယီတာဝန်ခံ ထန်ကျင်းရှင်း၊ တရုတ်နိုင်ငံတကာ ထုတ်ဝေရေး အုပ်စုဒုအယ်ဒီတာချုပ်၊ China Reportမဂဇင်းဌာန ဌာနမှူးချမ်ရှီ၊ ဖိလစ်ပိုင်တက္ကသိုလ်ဒီလီမန်ကျောင်း ပါမောက္ခချုပ် ဒေါက်တာ Michael L Tanနှင့် ဖိလစ်ပိုင်တက္ကသိုလ် အာရှယဉ်ကျေးမှုစင်တာ ဌာနမှူး ဒေါက်တာ Joefe B Santaritayတို့သည် တရုတ်စာအုပ်စင်တာကို ဆိုင်းဘုတ်ချိတ်တင်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းအရ သိရပါသည်။

   Webradio