• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းကာကွယ်သော တရုတ်တပ်မတော်"ပြပွဲကို အာဖရိကသမဂ္ဂဌါနချုပ်ရုံးတွင် ဖွင့်လှစ်

(GMT+08:00) 2019-03-19 16:18:20

ဒေသစံတော်ချိန်ယခုလ၁၈ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ရေး ကော်မရှင်နိုင်ငံရေး လုပ်ငန်းရုံးနှင့် အာဖရိကသမဂ္ဂဆိုင်ရာ တရုတ်သံတမန်အဖွဲတို့ ပူးတွဲကျင်းပသော "ကမ္ဘာ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းကာကွယ်သော တရုတ်တပ်မတော်"ပြပွဲကို အီသီယိုပီးယားနိုင်ငံ အဒစ်အဘာသာမြို့ရှိ အာဖရိကသမဂ္ဂဌါနချုပ်ရုံး၌ ဖွင့်လှစ်လိုက်ကြောင်းစီအာအိုင်သတင်းအရသိရပါသည်။

ယခုအကြိမ်ပြပွဲသည် ၅ရက်ကြာမည်ဖြစ်ပြီး"ကုလသမဂ္ဂ၏ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းရေးလှုပ်ရှားမှုပါဝင်ခြင်း"၊ "နိုင်ငံတကာပင်လယ်ရေကြောင်းလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ရေး"၊ "နိုင်ငံတကာကယ်ဆယ်မှုပေးရေး"နှင့် "လုံခြုံရေးဆိုင်ရာကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု"အပိုင်း၎ပိုင်းပါရှိကြောင်း သတင်းအရသိရပါသည်။

   Webradio