• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဥရောပ ဆက်ဆံမှု "ထွန်းလင်းချိန်" ရောက်နေပြီ

(GMT+08:00) 2019-03-19 15:46:18

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ဒီလ ၂၁ ရက်နေ့ကစပြီး အီတလီ၊ မိုနာကိုနဲ့ ပြင်သစ် အပါအဝင် ဥရောပနိုင်ငံ သုံးနိုင်ငံသို့ သွားရောက် ခရီးလှည့်လည်မှာ ဖြစ်ပါတယ်။

တရုတ်-ဥရော ဆက်ဆံမှုဟာ နှစ်ဖက်အကြားသာမက တစ်ကမ္ဘာလုံးအပေါ် လေးနက်စွာ ဂယက်ရိုက်ခတ်မှုများ ဖြစ်သွားမှာ ဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ ဒီအကြိမ် ဥရောပ ခရီးစဉ်မှာ ရှင်းလင်းပြတ်သားတဲ့ အချက် ပြသနေကြောင်း၊ နိုင်ငံတကာ အခြေအနေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ တရုတ်နိုင်ငံဟာ တရုတ်-ဥရောပ ဆက်ဆံမှုကို နိုင်ငံခြားရေး ဆက်ဆံမှုရဲ့ အရေးကြီးတဲ့ ဦးစားပေးတဲ့ ဦးတည်ချက် အဖြစ် ထားရှိသွားမှာ ဖြစ်ကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ ဒီအကြိမ် ခရီးစဉ်ဟာ ဒီနှစ်မှာ တရုတ်နိုင်ငံရဲ့ ဥရောပသမဂ္ဂနဲ့ သံတမန်ရေးဆိုင်ရာ "ထွန်းလင်းချိန်"  ဖြစ်မယ်လို့ ခန့်မှန်းရကြောင်းပြောကြားပါတယ်။

ထိပ်သီး ခေါင်းဆောင်များ သံတမန်ရေး ဆောင်ရွက်မှုဟာ နှစ်ဖက် ဆက်ဆံမှု အပေါ် အရေးကြီးတဲ့ မဟာဗျူဟာအရ ဦးဆောင်အခန်းမှ ပါဝင်နေပါတယ်။ အဲဒါဟာ "ထွန်းလင်းချိန်" ဆိုတာရဲ့ အနက်အဓိပ္ပါယ် တစ်ရပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဥရောသို့ သွားရောက် ခရီးလှည့်လည်ခဲ့စဉ်မှာ၊ မဟာဗျူဟာ ရှုထောင့်ကနေ တရုတ်-ဥရောပ ဆက်ဆံမှုကို ရှုမြင်ရမှာ ဖြစ်ကြောင်း၊ တရုတ်နဲ့ ဥရောပ အင်အားစု နှစ်စု၊ ဈေးကွက်ကြီး နှစ်ခုနဲ့ ယဉ်ကျေးမှု နှစ်မျိုးကို ပေါင်းစပ်ပြီး၊ တရုတ်နဲ့ ဥရောပ အကြား ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ မိတ်ဖက် ဆက်ဆံမှုကို လက်တွဲ တည်ထောင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ဖူးတယ်။ အဲဒီ မဟာဗျူဟာရဲ့ ဦးဆောင်မှုနဲ့ ငါးနှစ်အတွင်း တရုတ်နဲ့ ဥရောပ ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်ခံ့ ရှင်သန်စွာ တိုးတက်လာပြီး တူညီတဲ့ အကျိုးစီးပွါး၊ တူညီတဲ့ သဘောထား ရပ်တည်ချက်နဲ့ တူညီတဲ့ ရည်မှန်းချက်တွေ အဆက်မပြတ် တိုးမြင့်လာပါတယ်။

တရုတ်နဲ့ ဥရောပမှ နိုင်ငံရေးစနစ် မတူခြားနားတဲ့နိုင်ငံများဟာ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တစ်စိုက် စွဲကိုင်နေခဲ့ပါတယ်။ အဲဒါလည်း "ထွန်းလင်းချိန်"ရဲ့ အနက်အဓိပ္ပါယ် တစ်ရပ် ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ဥရောပရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သလို ဥရောပကလည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလနဲ့ ဖေဖေါ်ဝါရီလအတွင်း နှစ်ဖက် ကုန်သွယ်မှု စုစုပေါင်း ပမာဏဟာ တရုတ်ယွမ်ငွေ ၇၃၇့ ၆၃ ဘီလီယံ ရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်းကထက် ၈့ ၉ ရာခိုင်နှုန်း တိုးလာပါတယ်။ အဲဒါဟာ တရုတ်ပြည် နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏရဲ့ ၁၆့ ၂ ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။

မငြင်းသာပဲ တရုတ်နဲ့ ဥရောပအကြား ယှဉ်ပြိုင်မှု တည်ရှိနေသေးတယ်၊ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ဖက်တို့ရဲ့ အဓိက ရေစီးကြောင်း ဖြစ်မြဲ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ စွမ်းရည်များကို အပြန်အလှန် ကူးလူးဖလှယ် မှသာ တို့ရဲ့ ဥာဏ်ရည်မီးကို ထွန်းညှိနိုင်မယ်လို့ ဂျာမဏီ အဘိဓမ္မာ ပညာရှင် တစ်ဦးရဲ့ စကားကို အသုံးပြု ပြောကြားခဲ့ဖူးတယ်။ ယနေ့ ရောက်ရှိတော့မယ့် တရုတ်- ဥရောပ ဆက်ဆံမှုရဲ့ "ထွန်းလင်းချိန်"ဟာလည်း ဥာဏ်ရည်မီးလို ထွန်းပေးနိုင်မယ်လို့ မိမိတို့ မျှော်လင့်ကြပါတယ်။

   Webradio