• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ပထမ ဂေဟစနစ်ဆိုင်ရာ ဆင်းရဲမှုပပျောက်ရေး ပရဟိတရန်ပုံငွေအဖွဲ့ ဖွဲ့စည်း

(GMT+08:00) 2019-03-19 15:36:56
တရုတ်သစ်တောနှင့် မြက်ခင်းပြင် လုပ်ငန်းဦးစီးဌါန ဦးဆောင်ပြုလုပ်သော "သစ်တောနှင့် မြက်ခင်းပြင် ဂေဟစနစ်ဆိုင်ရာ ဆင်းရဲမှုပပျောက်ရေး ရန်ပုံငွေ"အဖွဲ့ကို မကြာမီက တည်ထောင်ပြီး ၄င်းရန်ပုံငွေသည် တရုတ်ပြည်မှာ ပထမဦးဆုံးသော ဂေဟစနစ်ဆိုင်ရာ ဆင်းရဲမှုပပျောက်ရေး ပရဟိတရန်ပုံငွေဖြစ်ကြောင်း၊ ၄င်းရန်ပုံငွေသည် အလွန်အကျွံ ဆင်းရဲသော ဒေသများ၊ သစ်တောနှင့် မြက်ခင်းပြင် လုပ်ငန်းဦးစီးဌါန တိုက်ရိုက်ကူညီထောက်ပံ့သော ဆင်းရဲသောခရိုင်များ၊ ယူနန်၊ ကွမ်ရှီးနှင့် ကွေ့ကျိုး ပြည်နယ်စသည့်သဲကန္တရဒေသများအတွက် စိမ်းလန်းစိုပြေရေးကို ဆောင်ရွက်မည်ဖြစ် ကြောင်း ပြည်သူ့နေ့စဉ်သတင်းစာမှ သတင်းအရ သိရပါသည်။
   Webradio