• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၉ ကြိမ်မြောက် တရုတ်-ဥရောပ အဆင့်မြင့် မဟာဗျူဟာ စေ့စပ်ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2019-03-19 10:48:49

      ဒေသစံတော်ချိန် မတ်လ ၁၈ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည်၊ ဘရပ်ဆဲမြို့တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီ ရေးရာ အဆင့်မြင့်ကိုယ်စားလှယ် မိုဂေရီနီနှင့်အတူ ၉ ကြိမ်မြောက် တရုတ်-ဥရောပ အဆင့်မြင့် မဟာဗျူဟာ စေ့စပ်ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြ သည်။

ဝမ်ယိက တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်များ ဖြစ်ကြောင်း၊ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင် ရာတွင် နှစ်ဖက်တို့သည် အောင်ကျိုးရလဒ်များစွာဖြင့် ကူးလူးဖလှယ် ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး၊ တည်ငြိမ်စေသော အခန်းကဏ္ဍမှ ပါဝင်နိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။

မိုဂေရီနီကလည်း ပြီးခဲ့သည့် ၅ နှစ်အတွင်း တရုတ်-ဥရောပသမဂ္ဂ ဆက်ဆံမှုသည် မကြုံစဖူး ကျယ်ပြန့်နက်ရှိုင်းသော ဖွံ့ဖြိုးတိုးတက်မှုရရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။

   Webradio