• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျွန်တော်ရဲ့ ကျောင်းနေဖက်တို့ဟာ အီတလီ ရွယ်တူများအား တရုတ်ပြည် ယဉ်ကျေးမှုကို မိတ်ဆက်ပေးရန် တာဝန်ဝတ္တရား ရှိတယ်လို့ ပြောဆိုပါတယ်။

(GMT+08:00) 2019-03-19 10:43:56

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ အီတလီ ခရီးစဉ် စတင်တော့မယ့် အခါသမယမှာ၊ အီတလီ နိုင်ငံ ရောမ အစိုးရ ကျောင်းအိပ်ကျောင်းစားကျောင်းမှ ကျောင်းသား ကျောင်းသူ ၈ ဦးတို့က ရှီကျင့်ဖိန်အား စာတစ်စောင်ကို ရေးပေးခဲ့ပါတယ်။ အဲဒီ စာထဲမှာ ကျောင်းသားကျောင်းသူများဟာ တရုတ်ဘာသာစကားနဲ့ ယဉ်ကျေးမှု သင်ယူ လေ့လာရေးဆိုင်ရာ ထိတွေ့ခံစားမှုများကို မျှဝေ ဖေါ်ပြပြီး အနာဂတ်မှာ တရုတ်နဲ့ အီတလီ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကြိုးပမ်းလိုတဲ့ ဆန္ဒကိုလည်း ပြသထားပါတယ်။ မမျှော်လင့်ပဲ အဲဒီ ကျောင်းသားကျောင်းသူတွေဟာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ ပြန်စာကို ရရှိခဲ့ပါတယ်။ ရှီကျင့်ဖိန်ရဲ့ ပြန်စာထဲမှာ၊ အဲဒီ ကျောင်းသားကျောင်းသူများက ခေတ်သစ်မှာ တရုတ်-အီတလီ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ သံတမန် ဖြစ်အောင် ကြိုးပမ်းဖို့ အားပေး တိုက်တွန်းထားပါတယ်။ အီတလီ ကျောင်းဆရာ ဆရာမများနဲ့ ကျောင်းသားကျောင်းသူများက၊ မိမိတို့ရဲ့ အိပ်မက်ကို တရုတ်ပြည်နဲ့ ရင်းနှီးစွာ ဆက်သွယ် ထားမယ်လို့ အသီးသီး ဖေါ်ပြခဲ့ကြပါတယ်။

ရှီကျင့်ဖိန်ရဲ့ ပြန်စာထဲမှာ၊ အီတလီ ကျောင်းသားကျောင်းသူများ အနေနဲ့ ခေတ်သစ်မှာ မာကို ပိုလို အဖြစ် ထမ်းဆောင်ဖို့၊ တရုတ်-အီတလီ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ သံတမန် အဖြစ် ထမ်းဆောင်ဖို့ အားပေး တိုက်တွန်းထားပါတယ်။ ကျောင်းသား စတောပိုလိုနီက ရှီကျင့်ဖိန်ရဲ့ စာထဲက အဲဒီစကားတွေကို ဖတ်ပြီးနောက် အင်မတန် ဝမ်းမြောက်ပါတယ်။ စတောပိုလိုနီဟာ တရုတ်ဘာသာစကားကို လေးနှစ်ကြာ သင်ယူပြီး ပြီးခဲ့တဲ့နှစ်က တရုတ်ဘာသာစကား ပေါင်းကူးတံတား ပြိုင်ပွဲရဲ့ အီတလီဇုန် အလယ်တန်းကျောင်း ပြိုင်ပွဲမှာ ငွေတံဆိပ်ကို ရရှိခဲ့ပါတယ်။ စတောပိုလိုနီက၊ ကျွန်တော်နဲ့ ကျွန်တော်ရဲ့ ကျောင်းနေဖက်တို့ဟာ အီတလီ ရွယ်တူများအား တရုတ်ပြည် ယဉ်ကျေးမှုကို မိတ်ဆက်ပေးရန် တာဝန်ဝတ္တရား ရှိတယ်လို့ ပြောဆိုပါတယ်။

ကျောင်းအုပ်ကြီး ပေါ်လို ရီယာလေကလည်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်မှ ပြန်စာကို မမျှော်လင့်ပဲ ရရှိတဲ့ အတွက် လွန်စွာ ဂုဏ်ယူမိပါတယ်။ ရှီကျင့်ဖိန်ဟာ ကမ္ဘာပေါ်မှာ အရေး အကြီးဆုံးသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်ပါတယ်။ ရှီကျင့်ဖိန်ဟာ ကျွန်တော်တို့ရဲ့ တရုတ်ဘာသာစကား သင်ပြရေး နောက်ကွယ်မှာ ယုံကြည်စိတ်၊ ကြိုးပမ်းမှုနဲ့ အကျိုး ဆောင်ပေးမှုများကို လုံးဝ နားလည် သိရှိပါတယ်။ ဒါ့အပေါ် ကျွန်တော်တို့ အင်မတန် ဝမ်းမြောက်နေပါတယ်လို့ ပြောကြားပါတယ်။ (ကျော့)

   Webradio