• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှယဉ်ကျေးမှု ဆွေးနွေးပွဲကို တရုတ်ကျင်းပမည်

(GMT+08:00) 2019-03-19 10:13:47

        အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို ယခုနှစ် မေလတွင် ပီကင်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အာရှယဉ်ကျေးမှု ကူးလူးဖလှယ်မှု၊ အပြန်အလှန် ကိုးကားအတုယူမှုနှင့် ကံကြမ္မာအသိုက်အဝန်းစသည့် ဆောင်ပုဒ်များဖြင့် ဖွင့်ပွဲအခမ်းအနားနှင့် ဖိုရမ်ခွဲ ၆ ခုကို ကျင်းပပြီး အာရှယဉ်ကျေးမှု ကာနီဇယ်ပွဲ၊ အာရှယဉ်ကျေးမှု သတင်းပတ်၊ အာရှစားကောင်းသောက်ဖွယ်များပွဲတော်စသည့် လှုပ်ရှားမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှတာဝန်ရှိသူတစ်ဦးက ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အာရှတိုက်မှ မတူခြားနားသော ယဉ်ကျေးမှုများအကြား ကူးလူးဖလှယ်မှု၊ အပြန်အလှန် ကိုးကား အတုယူမှု၊ အား​​သာချက်ယူပြီး အားနည်းချက်ဖြည့်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ရမည်ဟု ကြိမ်ဖန်များစွာ ညွှန်ကြားပြီး အာရှ ယဉ်ကျေးမှု ဆွေးနွေးပွဲကျင်းပရန် အဆိုပြုခဲ့ကြောင်း၊ ယင်းသည် အာရှ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးအပေါ် တရုတ်ပြည်၏ နက်ရှိုင်းသော အတွေးအခေါ်နှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ပြသထားပြီး အာရှ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး၊ အာရှ အနာဂတ်ရေး ဖန်တီးရေးတို့ကို တွန်းအားပေးရန်အတွက်လည်း အရေးကြီးကြောင်း ပြောကြားသည်။

   Webradio