• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ဥရောပခရီးစဉ်နှင့်ပတ်သက်ပြီး ဝမ်ယိပြောဆို

(GMT+08:00) 2019-03-19 10:13:25

        တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ယခုနှစ် ပထမဆုံးအကြိမ် နိုင်ငံခြားခရီးစဉ်သည် ဥရောပခရီးစဉ်ဖြစ်ကြောင်း၊ ယင်းသည် တရုတ်ပြည်၏ ဥရောပအပေါ် မြင့်မားစွာ အလေးထားမှုကို ပြသထားကြောင်း၊ အီတလီနှင့် ပြင်သစ်နိုင်ငံသည် ဥရောပသမဂ္ဂမှ အရေးကြီး အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ယခုအကြိမ်ခရီးစဉ်သည် ယခုနှစ်တွင် တရုတ်-ဥရောပသမဂ္ဂ သံတမန် ဆက်ဆံရေးဘက်မှ အာရုံစိုက်ကြသော အခါသမယပင်ဖြစ်ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၈ ရက်နေ့က ဥရောပသမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေးပေါ်လစီဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် ဖက်ဒရီကာ-မိုဂယ်ရီနီနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်များအား ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio