• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်၏ လူ့အခွင့်အရေး ဖွံ့ဖြိုးရေးလမ်းကြောင်း၊ တိုးတက်အောင်မြင်မှုနှင့် သန္နိဋ္ဌာန်သည် နိုင်ငံတကာ မိသားစုကြီး ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် အတည်ပြုခြင်း ခံရသည်

(GMT+08:00) 2019-03-19 09:28:35

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်ပြည်၏ လူ့အခွင့်အရေး ဖွံ့ဖြိုးရေးလမ်းကြောင်း၊ လူ့အခွင့်အရေး လုပ်ငန်း ဆိုင်ရာ တိုးတက်အောင်မြင်မှုနှင့် လူ့အခွင့်အရေးကို အာမခံပေးရေးဆိုင်ရာ သန္နိဋ္ဌာန်သည် နိုင်ငံတကာ မိသားစုကြီး၏ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် အတည်ပြုခြင်း ခံရပြီ ဖြစ်ကြောင်း ယခုလ ၁၈ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

သက်ဆိုင်ရာ သတင်းအရ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပွန်ပေအိုသည် မကြာမီက အမေရိကန်က ကျင်းပသော ၂၀၁၈ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ပွဲတွင်၊ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု လုပ်ရပ်ကို "မည်သူမှ ကျော်လွန်နိုင်မည် မဟုတ်"ဟု ပြောဆိုခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ကင်စွမ်က၊ အမေရိကန်မှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ အကြောင်းမဲ့ ပြစ်တင်မှုကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန်ပြည်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (ကျော့)

   Webradio