• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှယဉ်ကျေးမှုဆွေးနွေးပွဲကို ပေကျင်း၌ ကျင်းပမည်

(GMT+08:00) 2019-03-18 16:57:16

     အာရှယဉ်ကျေးမှုဆွေးနွေးပွဲ အမှုဆောင်ကော်မတီမှ သတင်းအရ အာရှယဉ်ကျေးမှု ဆွေးနွေးပွဲကို ယခုနှစ် မေလတွင် ပေကျင်း၌ ကျင်းပမည်ဖြစ်သည်။ အစည်းအဝေးတွင် အာရှယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ ကံကြမ္မာအသိုက်အဝန်းနှင့် ပတ်သက်၍ အဓိကဆွေးနွေးမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားနှင့်အတူ ဖိုရမ် ၆ ခု ကျင်းပကာ အာရှယဉ်ကျေး မှု carnival ၊ အာရှယဉ်ကျေးမှုသီတင်းပတ်၊ အာရှစားကောင်းဖွယ်ရာပွဲတော် စသည့်လှုပ်ရှားမှုများကိုလည်း ကျင်းပမည်ဖြစ်သည်။ အာရှတိုက်နှင့် အခြားနိုင်ငံမှ နိုင်ငံရေးပုဂ္ဂိုလ်၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းမှ တာဝန်ရှိသူ၊ လူမှုယဉ်ကျေးမှုနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များတို့သည် အစည်းအဝေးသို့ တက်ရောက်မည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

   Webradio