• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးသည် ဒက္ကာစက်မှုကုန်သွယ်ရေးအသင်း ချုပ်ဥက္ကဋ္ဌနှင့်တွေ့ဆုံ

(GMT+08:00) 2019-03-18 15:21:04

ယခုလ ၁၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ကျန်းဇော် သည် ဒက္ကာစက်မှုကုန်သွယ်ရေးအသင်း ချုပ်ဥက္ကဋ္ဌ အိုစာမာနှင့်တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ကျန်းဇော်က တရုတ်နိုင်ငံသည် NPC&CPPCCကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊အစိုးရလုပ်ငန်းအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံ များနှင့် ဆက်ဆံရေးကိုနက်ရှိုင်းအောင်ဆောင်ရွက်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အပြန်အလှန် အကျိုးရှိစေရေးပူးပေါင်းဆောင် ရွက်မှုများကိုတိုးချဲ့မည်ဟုအလေးထားဖော်ပြခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံရုံးကဒက္ကာစက်မှုကုန်သွယ်ရေးအသင်းချုပ်သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထူထောင်ရေး၊ နည်းပညာဆန်းသစ်တီထွင်ရေးစသည့်နယ်ပယ်တွင် တရုတ်လုပ်ငန်းကုမ္ပဏီများနှင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရန်ထောက်ခံပြီးဒက္ကာစက်မှု ကုန်သွယ်ရေးအသင်းချုပ်သည်တရုတ်-ဘင်္ဂလားဒေ့ရှ်ပုဂ္ဂ​လိ​ကကုမ္ပဏီများပူးပေါင်းဆောင် ရွက်ရေးပေါင်းကူးတံတားကြီးဖြစ်နိုင်ရန်မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

   Webradio