• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် တောင်ဝင်ရိုးစွန်းဒေသတွင် သုံးစွဲသော ပထမဦးဆုံး စွမ်းအင်သစ်မိုက်ကရိုကွန်ရက်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးစနစ်ကို တည်ဆောက်ပြီးစီး

(GMT+08:00) 2019-03-18 14:30:36

မကြာမီက တရုတ်တောင်ဝင်ရိုးစွန်းသိပ္ပံစူးစမ်းလေ့လာရေးစခန်းဖြစ်သည့် ထိုက်ဆန်းစခန်း၏ စွမ်းအင်သစ်မိုက်ကရိုကွန်ရက်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးစနစ်သည် တပ်ဆင်ရေး၊ စမ်းသပ်ရေး၊ ကွန်ရက်ဝင်လည်ပတ်ရေးစသည်များကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

ထိုက်ဆန်းစခန်းသည် တရုတ်ပြည်၏ စတုတ္ထတောင်ဝင်ရိုးစွန်းသိပ္ပံစူးစမ်း လေ့လာရေးစခန်းဖြစ်ပြီး ၂၀၁၄ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမတိုင်မီက တရုတ်ပြည်၏တောင်ဝင်ရိုးစွန်းသိပ္ပံစူးစမ်းလေ့လာရေးစခန်းများအားလုံးလောင်စာကို စွမ်းအင်အဖြစ်သုံးစွဲခဲ့သည်။ ထိုက်ဆန်းစခန်း၏ စွမ်းအင်သစ်မိုက်ကရိုကွန်ရက် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးစနစ်ကို တရားဝင်တည်ဆောက်ပြီးသည်နှင့်အမျှ တရုတ်တောင်ဝင်ရိုးစွန်းဒေသ သိပ္ပံစူးစမ်းလေ့လာရေးလုပ်ငန်းများ၏စွမ်းအင်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု မရှိဘဲ ဆက်တိုက်သုံးစွဲနိုင်မည်သတင်းရရှိပါသည်။

   Webradio