• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားကျားကိုတရားမဝင်ဖမ်းဆီးခြင်းများ မလေးရှားအားဖြည့်တိုက်ဖျက်မည်

(GMT+08:00) 2019-03-18 14:29:49

 မလေးရှားသဘာဝအရင်းအမြစ်ဝန်ကြီးဌါနမှအရာရှိတစ်ဦးက ယခုလ၁၇ရက်နေ့က ကွာလာလမ်ပူမြို့၌ လက်ရှိအချိန်တွင် မလေးရှားနိုင်ငံရှိ သဘောဝတောရိုင်း မလေးရှားကျားကောင်ရေသည် ၂၅၀ခန့်သာကျန်ရှိတော့ကြောင်း မလေးရှားနိုင်ငံသည် တရားမဝင်အမဲလိုက်ခြင်းကို တိုက်ဖျက်ရန် အားဖြည့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ကမ္ဘာ့သဘာဝရန်ပုံငွေအဖွဲ့မှ သက်ဆိုင်ရာစာရင်းအရ ၂၀ရာစုနှစ်၅၀ပြည့် လွန်နှစ်များက မလေးရှားနိုင်ငံတွင် မလေးရှားကျားကောင် ၃၀၀၀ခန့်ရှိခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင်မောင်ခိုဖမ်းယူမှုများကြောင့် ကောင်ရေများစွာလျော့နည်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio