• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ အထူးသံတမန် နှင့် ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးတို့ ဆီးရီးယား နိုင်ငံရေး ပြဿနာနှင့်ပတ်သက်၍ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2019-03-18 11:13:40

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ဆီးရီးယားပြဿနာဆိုင်ရာ အထူး သံတမန် ကေလ် ဗီဒါဆန်သည် ၁၇ရက်နေ့က ဆီးရီးယားနိုင်ငံသို့ ခရီးလှည့်လည်ခဲ့ရာ ဆီးရီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး မေလ်လန်နှင့် ဆီးရီးယားပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေး ခရီးစဉ်နှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဗီဒါဆန်က မိမိသည် ဆီးရီးယားအစိုးရနှင့်အတူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ်၂၂၅၄ကို ဖော်ဆောင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကုလသမဂ္ဂမှ တွန်းအားပေးသော ဆီးရီးယားလူမျိုး၏ ဦးဆောင်မှုဖြင့် ဆီးရီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း၊ သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

   Webradio