• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ရေဘေးကြောင့် လူ ၇၀ ထက်မနည်း သေဆုံး

(GMT+08:00) 2019-03-18 09:37:35

        ယခုလ ၁၆ ရက်နေ့ညက အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းဒေသရှိ ပါပူအာပြည်နယ်၌ ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့် တောင်ပြိုကျမှုများကြောင့် လူ ၇၀ ထက်မနည်း သေဆုံးပြီး ၄၃ဦး ဒဏ်ရာရရှိကာ ၄၁၅၀ ဘေးသင့်ခဲ့ရကြောင်း ယခုလ ၁၇ ရက်နေ့က အင်ဒိုနီးရှား ဘေးအန္တရာယ် ခုခံကာကွယ်ရေးဌာနက ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ဘေးအန္တရာယ် ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှား သမ္မတ ဂျိုကိုသည် သေဆုံးသူများအပေါ် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြပြီး ဒဏ်ရာရရှိသူများအား နှစ်သိမ့်ပါကြောင်း၊ တစ်ချိန်တည်းတွင် ဂျိုကိုသည် နိုင်ငံတော် ဘေးအန္တရာယ် ကယ်ဆယ်ရေးဌာန ဥက္ကဋ္ဌ ဒိုနီ-မိုနာဒိုကို ဘေးသင့်ရာဒေသသို့ စေလွှတ်ပြီး ဘေးအန္တရာယ် ခုခံကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ကာ ဒဏ်ရာရရှိသူများအား အလေးထား ကုသပေးရန် အမိန့်ချခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio