• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာမဟာမိတ်အဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယားမီဒီယာဆို

(GMT+08:00) 2019-03-18 09:37:10

        အမေရိကန်နိုင်ငံ ဦးဆောင်ပြီး အစွန်းရောက်အဖွဲ့ IS ကို တိုက်ခိုက်ရန် ရည်ရွယ်သော နိုင်ငံတကာ မဟာမိတ်အဖွဲ့သည် ယခုလ ၁၇ ရက်နေ့က ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းဒေသရှိ တယ်ဇိုပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား သတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ရေးသားသည်။

        မကြာခင်ရက်များအတွင်း နိုင်ငံတကာ မဟာမိတ်အဖွဲ့သည် ဘာဂို့ဇ်ရွာနှင့် အနီးတဝိုက်ဒေသအား ကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် အရပ်သူအရပ်သား များစွာ သေကျေဒဏ်ရာရရှိကာ ဒေသခံ အဆောက်အဦနှင့် အိမ်ရာများကိုလည်း ဖျက်ဆီးခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio