• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နယူးဇီလန် အကြမ်းဖက် တိုက်ခိုက်မှုတွင် သေကျေဒဏ်ရာ ရရှိသူ တစ်ရာ ကျော်

(GMT+08:00) 2019-03-18 09:18:15

နယူးဇီလန်နိုင်ငံ ကရစ္စထ်ချာခ်ျမြို့ရှိ ဗလီကျောင်း နှစ်ကျောင်းတွင် ယခုလ ၁၅ ရက်နေ့က သေနတ်ပစ်ခတ်မှုများ ပြင်းထန်ဆိုးရွားစွာ ဖြစ်ပွါးခဲ့ရာ၊ ၁၇ ရက်နေ့အထိ စာရင်းအရ လူ အယောက် ၅၀ သေဆုံးပြီး အယောက် ၅၀ ဒဏ်ရာ ရရှိခဲ့ပြီ ဖြစ်ကြောင်း၊ ယခု နယူးဇီလန် တစ်ပြည်လုံး၌ ရဲအင်အား တိုးဖြည့်နေပြီး ဒေသအရပ်ရပ်၌ ဝမ်းနည်းခြင်း အထိမ်းအမှတ် လှုပ်ရှားမှုများကို ပြုလုပ်နေကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

နယူးဇီလန် ဝန်ကြီးချုပ် အာဒေအင်က၊ သေနတ်ပစ်ခတ်မှု မဖြစ်ပွါးမီ ၉ မိနစ် အချိန်တွင် ဝန်ကြီးချုပ်ရုံးသည် သေနတ်ပစ်ခတ်သူ ဖြစ်နိုင်ဖွယ်ရာရှိသူ၏ အီမေးကို ရရှိခဲ့ကြောင်း၊ သို့သော် အသေးစိတ်နေရာနှင့် ကိစ္စရပ် ဖေါ်ပြခြင်း မရှိကြောင်း အတည်ပြု ပြောကြားပါသည်။ (ကျော့)

   Webradio