• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှားနှင့် ဆက်ဆံရေးကို အားသစ်လောင်းပေးလိုဟုဆူဒန်သမ္မတဆို

(GMT+08:00) 2019-03-17 10:38:17

ဆူဒန်သမ္မတဘာရှ်လ်သည် ယခုလ ၁၆ ရက်နေ့က အလည်အပတ်ရောက်ရှိလာသော ရုရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့အလယ်ပိုင်းပြဿနာဆိုင်ရာ အထူးကိုယ်စား လှယ် ဘိုဂ်ဒန်နိုးဗ်နှင့် တွေ့ဆုံရာတွင် ဆူဒန်အနေနှင့် ရုရှားနှင့် နှစ်ဖက်ဆက်ဆံရေးကို အားသစ်လောင်းပေးနိုင်ရန် မျှော်လင့်ကြောင်း၊ နှစ်နိုင်ငံအနေနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်မှုများ အားသစ်လောင်းပေးခြင်းသည် နှစ်ဖက်အကျိုးစီးပွားနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   Webradio