• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇင်ဘာဘွေသည် ပြင်းထန်သော အပူပိုင်းလေဝဲတိုက်ခိုက်ခံရခြင်းကြောင့် လူ၃၁ဦးသေဆုံး

(GMT+08:00) 2019-03-17 10:14:36

ဇင်ဘာဘွေအစိုးရက ယခုလ ၁၅ ရက်နေ့ညက ယင်းနိုင်ငံအရှေ့ပိုင်းကို စတင်တိုက်ခိုက်ခဲ့သည့် ပြင်းထန်သော အပူပိုင်းလေဝဲ အီဒိုင် ကြောင့် လူ ၃၁ ဦးသေဆုံးပြီး လူသုံးလေးဆယ်ပျောက်ဆုံးနေသေးကြောင်း ၁၆ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဇင်ဘာဘွေအစိုးရသည် သက်ဆိုင်ရာဒေသသို့ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ပြီးဖြစ် သော်လည်း လမ်းမကြီးနှင့်တံတားအချို့ ပြိုကျသောကြောင့် ကယ်ဆယ်ရေးအဖွဲ့သည် ဘေးသင့်ဒေသသို့ ဝင်ရောက်ရန် အလွန်ခက်ခဲကြောင်း၊ ဇင်ဘာဘွေစစ်ဘက်ကလည်း ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် တပ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

   Webradio