• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန်စစ်ဘက်သည် လက်နက်ကိုင်သမား ၅၁ ဦးကို ပစ်သတ်

(GMT+08:00) 2019-03-17 10:13:29

အာဖဂန်စစ်ဘက်မှ ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်သော ကြေညာချက်အရ လွန်ခဲ့သော ၂၄ နာရီအတွင်း အာဖဂန်စစ်ဘက်သည် ဘာဒ်ဂျီစ်ပြည်နယ် ဘာလာမူရ်ဂါဘ် ဒေသ၌ လက်နက်ကိုင်သမား ၅၁ ဦးကို သေအောင် ပစ်သတ်ခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိစေခဲ့ကြောင်း သိရသည်။

တာလီဘန်ဘက်သည် ယင်းအပေါ် ဝေဖန်ပြောဆိုချက်မရှိသေးကြောင်း သိရသည်။

ဘာဒ်ဂျီစ်ပြည်နယ်အတွင်းရှိ လမ်းမကြီးများစွာသည် ပါကစ္စတန်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသနှင့် ဆက်သွယ်ထားသည်။လွန်ခဲ့သည့်နှစ်များအတွင်း တာလီဘန်လက်နက်ကိုင်သမားများသည် ယင်းပြည်နယ်သို့ အဆက်မပြတ်စိမ့်ဝင်ပြီး တိုက်ခိုက်မှုများစွာ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

   Webradio