• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ရှီကျင့်ဖိန်၏ ကျင့်တင့်ဘဝအကြောင်း" စာအုပ် ထုတ်ဝေ

(GMT+08:00) 2019-03-16 16:15:31

        အင်တာဗျူး မှတ်တမ်းတင် စာအုပ် "ရှီကျင့်ဖိန်၏ ကျင့်တင့်ဘဝအကြောင်း"ကို မကြာခင်ရက်များက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ သင်တန်းကျောင်း ဖြန့်ချိ ထုတ်ဝေရေးဌာနက တရုတ်ပြည် တစ်ပြည်လုံး၌ ထုတ်ဝေခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ၁၉၈၂ခုနှစ် မတ်လမှ ၁၉၈၅ခုနှစ် မေလအထိ ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီ ဟိုပေပြည်နယ် ကျင့်တင်ခရိုင် ကော်မတီ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ပြီး ကျင့်တင့်ခရိုင်၌ ၃ နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့ကြောင်း၊ ယင်းစာအုပ်တွင် အင်တာဗျူးဆောင်းပါး ၂၂ ပုဒ် ရှိပြီး တရုတ်ကွန်မြူနစ်ပါတီ ကေဒါရေးရာဌာနမှ တာဝန်ရှိသူများ၊ တရုတ်ကွန်မြူနစ်ပါတီ ကျင့်တင်ခရိုင် ကော်မတီ မှ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ ရှီကျင့်ဖိန်ကို အင်တာဗျူးလုပ်ခဲ့ဖူးသော သတင်းထောက်များနှင့် ဒေသခံပြည်သူများကို အင်တာဗျူး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio