• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နယူးဇီလန် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွါး လူ ၄၉ ဦးထက်မနည်း သေဆုံး

(GMT+08:00) 2019-03-16 10:21:17

နယူးဇီလန်နိုင်ငံ ကရစ္စထ်ချာခ်ျမြို့၌ ယခုလ ၁၅ ရက်နေ့က သေနတ်ပစ်ခတ်မှုများ ပြင်းထန် ဆိုးရွားစွာ ဖြစ်ပွါးခဲ့ရာ လက်ရှိအချိန်အထိ လူ ၄၉ ဦးထက်မနည်း သေဆုံးပြီး ၄၈ ဦး ဒဏ်ရာ ရရှိကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဒေသခံမီဒီယာမှ သတင်းအရ၊ သေနတ်ကိုင်သူများသည် ကရစ္စထ်ချာခ်ျမြို့ နေရာများစွာ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ကိုင်သူ နှစ်ဦးထက်မနည်း မြို့လယ်ရှိ ဗလီကျောင်း နှစ်ကျောင်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နယူးဇီလန် ရဲဘက်က၊ သင်္ကာမကင်းသူ ၄ ဦးထက်မနည်း ဖမ်းဆီးထားပြီဟု ဖေါ်ပြခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio