• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် တရုတ်နိုင်ငံ၏ တတိယအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်မှု အစီရင်ခံစာကို အတည်ပြု

(GMT+08:00) 2019-03-16 10:10:36

ယခုလ ၁၅ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် ဂျနီဗာမြို့၌ တရုတ်နိုင်ငံ၏ တတိယအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်မှု အစီရင်ခံစာကို အတည်ပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံတို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် တတိယ အကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်မှုတွင် ပါဝင်ခဲ့ကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းအရ၊ ယခုနှစ် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသော လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေးတွင် အထက်ပါ နိုင်ငံများ၏ စိစစ်မှု အစီရင်ခံစာများကို စိစစ် အတည်ပြုခြင်း ဖြစ်ကြောင်း သိရပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ယွေယုချင် ဦးဆောင်သော တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ၁၅ ရက်နေ့က အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

   Webradio