• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယ အကြိမ် လမ်ချန်-မဲခေါင် သီတင်းပတ် လှုပ်ရှားမှုများ ဗီယင်ကျမ်း၌ စတင်

(GMT+08:00) 2019-03-16 09:48:16
လာအို နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ် သံရုံးတို့ ပူးတွဲ ဦးစီး ကျင်းပသော ဒုတိယအကြိမ် လမ်ချန်-မဲခေါင် သီတင်းပတ် လှုပ်ရှားမှုများကို ယခုလ ၁၄ ရက်နေ့က လာအိုနိုင်ငံ ဗီယင်ကျမ်းမြို့၌ စတင် ပြုလုပ်ခဲ့ကြောင်း၊ လှုပ်ရှားမှုများတွင် လမ်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ၊ လမ်ချန်-မဲခေါင် ဓါတ်ပုံ ပြိုင်ပွဲနှင့် ဆုရ ဓါတ်ပုံများ ပြပွဲ၊ လမ်ချန်-မဲခေါင် တစ်လျှောက်မှ နိုင်ငံများ မိုက်ကရို ရုပ်ရှင်ကား ပြပွဲနှင့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ စသဖြင့် ပါဝင်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio