• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လူ့အခွင့်အရေးပြဿနာကို အသုံးပြုပြီး တရုတ်ပြည်တွင်းရေးရာကို ဝင်စွက်ခြင်းများ ရပ်စဲရန် ကန်အား တရုတ် တိုက်တွန်းနှိုးဆော်

(GMT+08:00) 2019-03-15 13:37:15

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ၂၀၁၈ခုနှစ် နိုင်ငံအသီးသီးတို့၏ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာမှ တရုတ်နိုင်ငံဆိုင်ရာ အစိတ် အပိုင်းတွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို ထပ်မံအပြစ်တင်ရှုတ်ချခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ပြတ်သားစွာ ကန့်ကွက်ကြောင်း၊ အမေရိကန်အား တရုတ် နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေအပေါ် ပကတိအတိုင်း တရားမျှတစွာသဘောထား ရှုမြင်၍ တရုတ်ပြည်တွင်းရေးရာကို ဝင်စွက်ခြင်းများ ရပ်စဲရန် တိုက်တွန်းနှိုးဆော်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ၁၄ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio