• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၎ ကြိမ်မြောက် ကုလ ပတ်ဝန်းကျင်ရေးရာ ညီလာခံ အဆင့်မြင့်အစည်းအဝေး ကျင်းပ

(GMT+08:00) 2019-03-15 13:14:44

      ၄ ကြိမ်မြောက် ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာ ညီလာခံ အဆင့်မြင့်အစည်းအဝေး ကို ယခုလ ၁၄ ရက်နေ့က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ကုလသမဂ္ဂ ပတ်ဝန်းကျင် စီမံကိန်းအဖွဲ့ ရုံးချုပ်၌ ကျင်းပခဲ့ရာ၊ ကင်ညာနိုင်ငံသမ္မတ Kenyatta နှင့် ပြင်သစ်နိုင်ငံ သမ္မတ Macron တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ ခေါင်းဆောင် များက ၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ရင်ဆိုင်ရေးအတွက် တက်ကြွသော လုပ်ဆောင်ချက်များပြုလုပ်ရန် ပန်းကြားခဲ့ကြကြောင်း စီအာအိုင်က ဖော်ပြသည်။

ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာညီလာခံသည် အဆင့် အမြင့်ဆုံးသော ပတ်ဝန်းကျင် ရေးရာဖိုရမ်ဖြစ်ပြီး၊ အစည်းအဝေးတက်ရောက်သူများတွင် နိုင်ငံတော်ထိပ်သီးခေါင်းဆောင်များ၊ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးများ၊ မာလ်တီနေရှင်နယ်ကော်ပိုရေးရှင်းများမှ CEO များ၊ အစိုးချင်းဟုတ်သော အဖွဲ့အစည်းများနှင့် ပတ်ဝန်းကျင်ရေးရာ ပုဂ္ဂိုလ်များတို့ပါဝင်ကြ သည်ဟု သတင်းအရ သိရသည်။

   Webradio