• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးက ၂၀၁၈ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး မှတ်တမ်း နှင့် ၂၀၁၈ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေးကို ကျူးလွန်ထိပါးမှု မှတ်တမ်းကို ထုတ်ပြန်

(GMT+08:00) 2019-03-15 11:01:50

အမေရိကန်၏ လူ့အခွင့်အရေးကို ကျူးလွန်ထိပါးမှု အခြေအနေကို ဖော်ထုတ်သည့်အနေနှင့် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ၁၄ရက်နေ့တွင် ၂၀၁၈ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး မှတ်တမ်း နှင့် ၂၀၁၈ခုနှစ် အမေရိကန်၏ လူ့အခွင့်အရေး ကျူးလွန်ထိပါးမှု မှတ်တမ်းကို ထုတ်ပြန်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

အဆိုပါ လူ့အခွင့်အရေး မှတ်တမ်းတွင် နိဒါန်းစကား၊ နိုင်ငံသား၏ အခွင့်အရေးကို ကြိမ်ဖန်များစွာ ကျူးလွန်ထိပါးခြင်း၊ ငွေကြေးနိုင်ငံရေးကို ကျယ်ပြန့်စွာ ကျင့်သုံးခြင်း၊ ဆင်းရဲမှု နှင့် ချမ်းသာမှုအကြား ကွာဟမှု တစ်နေ့တစ်ခြား ဆိုးရွားလာခြင်း၊ လူမျိုးရေး ခွဲခြားမှု ပိုမိုဆိုးရွားလာခြင်း၊ ကလေးများ၏လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်ခြင်း၊ တစ်ဖက်သတ်ဝါဒ လူထု၏လိုလားထောက်ခံမှုမရရှိခြင်း စသော အစိတ်အပိုင်းများ ပါဝင်ကြောင်း၊ သိရပါသည်။

   Webradio