• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အစ္စရေးပူးပေါင်းဆောင်ရွက်ရေး၏ရှေ့အလားအလာကောင်းမွန်သည်ဟု အစ္စရေးဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဆို

(GMT+08:00) 2019-03-14 16:27:23

အစ္စရေးဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဟာနေကိုဘီက ယခုလ၁၃ ရက်နေ့က စီအာအိုင်သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယခုနှစ်ဧပြီလတွင်ကျင်းပမည့် ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ပူးပေါင်းဆေင်ရွက်မှုထိပ်သီးဖိုရမ်သည် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အစ္စရေးနိုင်ငံသည် ယခုအကြိမ်ထိပ်သီးဖိုရမ်မှ အကျိုးရရှိပြီးပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုနှစ်များတွင်း တရုတ်ပြည်သည် စီးပွားရေးတည်ဆောက်ရေးစသော နယ်ပယ်များတွင် ရရှိသော အောင်မြင်မှု ရလဒ်များသည် အံ့သြဖွယ်ရာကောင်းကာ နောင်တွင် တရုတ်စီးပွားရေးသည် ဆက်လက်တိုးတက်မည်ဖြစ်၍ ကမ္ဘာ့တစ်ဝှမ်းလုံးအတွက် အကျိုးဆောင်ကျဉ်းပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio