• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗင်နီဇွဲလားအစိုးရကတစ်ပြည်လုံးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးမှုကိုပြန်လည်လုပ်ဆောင်ပြီဟု ကြေညာ

(GMT+08:00) 2019-03-14 16:26:45

ဗင်နီဇွဲလားသမ္မတမာဒုရိုက ယခုလ၁၂ရက်နေ့က ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ရာတွင် ဗင်နီဇွဲလားနိုင်ငံသည် ဗင်နီဇွဲလားလျှပ်စစ်ဓါတ်အားပေးစနစ်ကို ရည်ရွယ်သော ဖျက်ဆီးတိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ရာတွင် အောင်မြင်မှုရရှိပြီဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးတွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကို ပုံမှန်ပြန်လည်လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

သမ္မတမာဒုရိုက ယခုအကြိမ်ဗင်နီဇွဲလားလျှပ်စစ်ဓါတ်အားစနစ်ကို ရည်ရွယ်သော ဖျက်ဆီးတိုက်ခိုက်မှုသည် အမေရိကန်ချီကာကိုမြို့နှင့်ဟျိုစတန်မှ ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ နောင်တွင် ဗင်နီဇွဲလားအစိုးရသည် ဆက်လက်စုံစမ်းစစ်ဆေးပြီး လျှပ်စစ်ဓါတ်အားကွန်ရွက် ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

   Webradio