• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်လုပ်​ငန်း​ကုမ္ပဏီများကို တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံတွင် ပါဝင်ဆောင်ရွက် လာအောင် ပါကစ္စတန် တွန်းအားပေး

(GMT+08:00) 2019-03-14 15:24:55
ပါကစ္စတန်နိုင်ငံ စီမံခန့်ခွဲရေး၊ ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ၀န်ကြီး ဘာခ်ထီအာက အစိုးရက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီးပွားကုန်သွယ်ရေးဖိုရမ်ကို တည်ထောင် မည်ဖြစ်ကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလုပ်ငန်းတွင် ပါကစ္စတန်ကုန် သည်များကိုပါဝင် ဆောင်ရွက်လာအောင် ရည်ရွယ်ထားသည်ဟု ယခုလ ၁၃ရက်နေ့က အစ္စလမ္မာဘတ်မြို့၌ ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးဘာခ်ထီအာက သတင်းစာရှင်းလင်းပွဲ၌ ပါကစ္စတန်အစိုးရအဖွဲ့မှ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံန်ကော်မတီသည် ၄င်းဖိုရမ်ကို တည်ထောင်မည်ဟု ဆုံဖြတ်ပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်နေခြင်းနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကပိုင်လုပ်ငန်းကုမ္ပဏီများ ပါဝင်လာအောင်ဆွဲဆောင်ခြင်းဖြင့် ပါကစ္စတန်၏ ကုန်သွယ်မှုဆိုင်ရာလိုငွေပြမှုကို လျှော့ချမည်ဟု ပြောကြားခဲ့သည်။

   Webradio