• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"Belt and Road"အားကစားထူးချွန်လူငယ်များစကော်လာမိတ်ဆက်ပွဲကို ကိုလံဘီယာတွင် ကျင်းပ

(GMT+08:00) 2019-03-14 15:14:14

မကြာခင်ကရက်များတွင် "Belt and Road" အားကစားထူးချွန်လူငယ်များစကော်လာ မိတ်ဆက်ပွဲကို ကိုလံဘီယာနိုင်ငံ အယ်ဖစ်တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ တရုတ်ပီကင်းအားကစားတက္ကသိုလ် ဒုပါမောက္ခချုပ်၊ တရုတ်နိုင်ငံတော်အားကစား ဝန်ကြီးဌာန ကေဒါခေါင်းဆောင်ပျိုးထောင်ရေးစင်တာ ဒုတိယညွှန်ကြားရေးမှူးချုပ် ရှလွင်ဟောင်နှင့် ကိုလံဘီယာနာမည်ကျော်တက္ကသိုလ် ၄ကျောင်းတို့သည် တက္ကသိုလ်အချင်းချင်း ပူးပေါင်းဖလှယ်ရေးစာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

ယင်းစာချုပ်ချုပ်ဆိုရာတွင် ကိုလံဘီယာဆိုင်ရာ တရုတ်သံရုံး ယဉ်ကျေးမှုသံမှူး ကျူးလျှောင်ယံ့သည် တရုတ်နှင့် ကိုလံဘီယာအကြား ယဉ်ကျေးမှု၊ပညာရေးနှင့် အားကစား ၏ဖလှယ်ခြင်းသည် နှစ်နိုင်ငံဆက်ဆံမှုတွင် အရေးကြီးအစိတ်အပိုင်းများဖြစ်ကြောင်း၊ "Belt and Road"အဆိုပြုချက်သည် တရုတ်-ကိုလံဘီယာဘက်စုံကူးလူးဖဘှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးကြောင်း ပြောကြားသည်ဟုသတင်းအရ သိရပါသည်။

   Webradio