• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်က Boeing 737 MAX လေယာဉ်များ၏ ပျံသန်းမှုကို ယာယီရပ်စဲ

(GMT+08:00) 2019-03-14 12:50:39

၁၃ရက်နေ့က အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံးသည် အမေရိကန် လေကြောင်းကုမ္ပဏီများမှ သုံးစွဲနေသော Boeing 737 MAX လေယာဉ် အားလုံး၏ ပျံသန်းမှုကို ယာယီရပ်စဲရန် တောင်းဆိုသည့်အပြင် ၎င်းပုံစံ လေယာဉ်များ အမေရိကန် မြေပေါ်၌ လည်ပတ်ခွင့်ကို ယာယီခွင့်မပြုကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အမေရိကန်သမ္မတ ထရန့်သည် အမေရိကန်နိုင်ငံ၌ Boeing 737 MAX 8 နှင့် 737 MAX 9 ပုံစံလေယာဉ်များ၏ ပျံသန်းမှုကို ရပ်စဲရန် အမိန့်ချမည်ဟု ၁၃ရက်နေ့က ပြောကြားခဲ့ ကြောင်း၊ ပြီးနောက် အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးရုံးသည် ၎င်း ပုံစံ လေယာဉ်များ၏ ပျံသန်းမှုကို ယာယီရပ်စဲရေးကြေညာချက်ကို ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio