• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်အသီးသီးတို့အနေနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ကိုရီးယားကျွန်းဆွယ် ပြဿနာကို ဖြေရှင်းရန် အခြေအနေဖန်တီးသင့်သည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2019-03-14 12:33:42

ကိုရီးယားကျွန်းဆွယ်ပြဿနာကို နိုင်ငံရေး ဆွေးနွေးခြင်းဖြင့်သာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်နိုင်ငံက အမြဲတမ်းခံယူထားကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် နိုင်ငံရေးနည်းလမ်းဖြင့် ကိုရီးယားကျွန်းဆွယ်ပြဿနာကို ဖြေရှင်းရန် အခြေအနေဖန်တီးသင့်ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ၁၃ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရပါသည်။

မကြာခင်က မြောက်ကိုရီးယား မီဒီယာများသည် သတင်းဆောင်းပါးများကို ထုတ်ပြန်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား လုံးဝကင်းမဲ့စေရေး ရပ်တည်ချက်ကို ရှင်းလင်းစွာ ဖော်ပြခဲ့ကြောင်း၊ မြောက်ကိုရီးယား-အမေရိကန် ဆက်ဆံရေးပုံစံသစ်ကို ထူထောင်ခြင်း၊ ကိုရီးယားကျွန်းဆွယ်တွင် ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးစနစ်ကို ထူထောင် ခြင်း၊ နျူကလီးယား လုံးဝကင်းမဲ့စေရေးကို ဖော်ဆောင်ခြင်းတို့သည် မြောက်ကိုရီးယား နိုင်ငံ၏ ခိုင်မာပြတ်သားသော ရပ်တည်ချက်ဖြစ်ကြောင်း ရေးသားဖော်ပြပါသည်။

   Webradio