• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်အသီးသီးတို့အနေနှင့် လူသားကျန်းမာရေးအပေါ် ပတ်ဝန်းကျင်မှ ခြိမ်းခြောက်မှုကို မှန်ကန်စွာ ရင်ဆိုင်ကြရန် ကုလ ပန်ကြား

(GMT+08:00) 2019-03-14 11:23:50

        ဒေသစံတော်ချိန် ယခုလ ၁၃ ရက်နေ့က ကုလသမဂ္ဂ ပတ်ဝန်းကျင်စီမံကိန်းအဖွဲ့ သည်၊ ဆဋ္ဌမအကြိမ် ပတ်ဝန်းကျင်ရေးရာ အကဲဖြတ်အစီရင်ခံစာ Global Environment Outlook (GEO) ကို ထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် လက်ရှိ ကမ္ဘာမြေကြီး၏ ပတ်ဝန်းကျင် သည်၊ ဆိုးရွားသော ဖျက်ဆီးမှု ခံခဲ့ရပြီး၊ အရေးတကြီး လုပ်ဆောင်ချက်များ မပြုလုပ်ပါက၊ လူသားတစ်ရပ်လုံး၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်သွားမည်ဟု သတိပေးနှိုးဆော်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ပြီးခဲ့သည့် ၅ နှစ်အတွင်း ကုလသမဂ္ဂသည် ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေ ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့် ဘက်ပေါင်းစုံမှ အကဲဖြတ်ခဲ့သည်။ ယခုလ ၁၃ ရက်နေ့က ကုလသမဂ္ဂ ပတ်ဝန်းကျင်စီမံကိန်းအဖွဲ့သည်၊ အကဲဖြတ်ရလဒ်နှင့် စပ်လျဉ်း၍ ဆဋ္ဌမအကြိမ် ပတ်ဝန်းကျင် ရေးရာ အကဲဖြတ်အစီရင်ခံစာ (GEO) ကို ထုတ်ပြန်ခဲ့သည်ဟု သတင်းအရ သိရသည်။

   Webradio