• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

UNHRC တတိယအကြိမ် တရုတ် လူ့အခွင်းအရေး အစီရင်ခံစာ စိစစ်အတည်ပြုရေး အစည်းအဝေးသို့ တရုတ် ကိုယ်စားလှယ် စေလွှတ်မည်

(GMT+08:00) 2019-03-14 10:43:12

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက တရုတ်ပြည်သည် ယခုလ ၁၅ ရက်နေ့တွင် ကျင်းပတော့မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ တရုတ် လူ့အခွင့်အရေး အစီရင်ခံစာ စိစစ်အတည်ပြုရေး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        လူခန်းက တရုတ်ပြည်သည် ယင်းအစီရင်ခံစာ စိစစ်အတည်ပြုရေး ကို အလွန်အလေးထားကာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး လေ့ယု ဦးဆောင်းပြီး ဗဟိုအစိုးရဌာနများ၊ ရှင်းကျန်း၊ ရှီးဇန့်၊ ဟောင်ကောင်နှင့် မကာအိုမှ ကိုယ်စားလှယ်များ ပါဝင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ယင်းအစည်းအဝေးသို့ တက်ရောက်ရန် စေလွှတ်မည်ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် ယမန်နှစ် နိုဝင်ဘာလက တတိယအကြိမ် နိုင်ငံအလိုက် လူ့အခွင့်အရေး စိစစ်ရေးအစီအစဉ် အတောအတွင်း နိုင်ငံအသီးသီးတို့၏ အဆိုပြုချက်များကို တုံ့ပြန်ပြောကြားပြီး သက်ဆိုင်ရာ ဘက်အသီးသီးတို့နှင့် အပြုသဘောဆောင်သော ကူးလူးဖလှယ်မှု ပြုလုပ်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio