• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သမ္မတဒူတာတေးသည် ဒုတိယ အကြိမ်Belt and Roadထိပ်သီးဖိုရမ်သို့တက်ရောက်ရန် အတည်ပြုပြီ

(GMT+08:00) 2019-03-13 15:42:30

တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးစတာ-ရိုမာနာက ဖိလစ်ပိုင်သမ္မတ ဒူတာ တေးသည် ဧပြီလ၌ပီကင်းမြို့တွင်ကျင်းပမည့်ဒုတိယ အကြိမ်Belt and Roadထိပ်သီးဖိုရမ် သို့တက်ရောက်ရန်အတည်ပြုပြီဖြစ်ပြီး ယင်းသည် ဖိလစ်ပိုင်-တရုတ်ဆက်ဆံရေးတိုးတက်မှု တွင်မှတ်တိုင်သစ်ဖြစ်ကြောင်း မကြာမီကပီကင်းတွင်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်း အရသိရပါသည်။

စတာ-ရိုမာနာက ဖိုရမ်အတောအတွင်း သမ္မတဒူတာတေးသည်Belt and Road ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအမြင်များဖော်ပြမည်ဖြစ်ပြီး ၄င်းအဆိုပြုချက်သည် ဒေသ နှင့်ကမ္ဘာ့စီးပွါးရေးဖွံ့ဖြိုးမှုအတွက် အရေးကြီးအကျိုးသက်ရောက်မှုများကို ရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း၊ထို့အပြင် သမ္မတဒူတာတေးသည်တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့်တွေ့ဆုံပွဲကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ ဆိုင်ရာ အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio