• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမျိုးသားအမျိုးသမီးတန်းတူညီမျှမှုအကောင်အထည်ဖော်ရန် ဂူတယ်ရက်စ်ပန်ကြား

(GMT+08:00) 2019-03-13 15:42:05

ကုလသမဂ္ဂအမျိုးသမီးအဆင့်နေရာကော်မတီ ၆၃ ကြိမ်မြောက်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယခုလ ၁၁ ရက်နေ့က နယူးယောက်မြို့ရှိကုလသမဂဌာနချုပ်တွင်ကျင်းပခဲ့ ပါသည်။ ကုလသမဂအတွင်းရေးမှူးချုပ်ဂူတယ်ရက်စ်က အခမ်းအနားသို့တက်ရောက် ပြီးမိန့်ခွန်းပြောကြားခဲ့ရာ အမျိုးသားအမျိုးသမီးတန်းတူညီမျှမှုအကောင်အထည်ဖော်ခြင်း သည် တစ်ကမ္ဘာလုံးအတွက် အကျိုးရှိပါကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဂူတယ်ရက်စ်က ယခုတစ်ကမ္ဘာလုံးတွင်အမျိုးသမီးများ၏အခွင့်အရေးကိုလျော့ချခံ နေသဖြင့်ကုလသမဂ္ဂသည်အမျိုးသားအမျိုးသမီးတန်းတူညီမျှရေးကို တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။

   Webradio