• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အမေရိကန် စီးပွါးကုန်သွယ်ရေး အဆင့်မြင့် တိုင်ပင်ဆွေးနွေးပွဲဆိုင်ရာ နှစ်ဖက် ခေါင်းဆောင်တို့ တယ်လီဖုန်းဆက်သွယ်

(GMT+08:00) 2019-03-12 12:03:17
ယခုလ ၁၂ ရက်နေ့ နံနက် ၇ နာရီတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်နှင့် အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ခေါင်းဆောင် လျူဟို့သည် ဖိတ်ကြားချက်အရ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် လိုက်သီဇာ၊ ဘဏ္ဍာရေး ဝန်ကြီး မူန်ချင်တို့နှင့် တယ်လီဖုန်း ဆက်သွယ်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် စာတမ်း၏ သော့ချက်ကျရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးပြီး လာမည့်အဆင့် လုပ်ငန်းရပ်များကို ချမှတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။ (ကျော့)
   Webradio