• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးကို ဆက်တိုက် တွန်းအားပေးနေ

(GMT+08:00) 2019-03-12 09:20:17

တရုတ် သဘာဝ ပတ်ဝန်းကျင် ရေးရာ ဝန်ကြီးဌာန ဝန်ကြီး လီကန့်ကျယ်က၊ တရုတ်ပြည်၏ ကောင်းကင်ပြာ ထိန်းသိမ်းရေးလုပ်ငန်း စီမံကိန်းကို ရေးဆွဲ ချမှတ်ပြီ ဖြစ်ပြီး လေထုညစ်ညမ်းမှု ပြုပြင်ရေး စီမံချထားမှု အခြေခံအားဖြင့် ဖြစ်တည်လာပြီ ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်က တရုတ်နိုင်ငံသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးကို ဆက်တိုက် တွန်းအားပေးမည် ဖြစ်ပြီး ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြန်လည် ပြုပြင်ရေးကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မြစိမ်းရောင် ကုန်ထုတ်လုပ်မှုကို တိုးမြှင့်မည် ဖြစ်ပြီး နိုင်ငံတကာ ရာသီဥတု ပြုပြင်ရေးနှင့် ဇီဝ သတ္တဝါ မျိုးစုံတည်ရှိမှု ထိန်းသိမ်းရေး လုပ်ငန်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း ယခုလ ၁၁ ရက်နေ့က ပီကင်း၌ ပြောကြား ခဲ့ပါသည်။

ပီကင်း၌ ကျင်းပနေဆဲ ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေးကိစ္စရပ်များသည် လူအများ အာရုံစူးစိုက်ရာ ကိစ္စပဲ ဖြစ်ပါသည်။ ယခုလ ၁၁ ရက်နေ့က သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာ၌ လီကန့်ကျယ်က၊ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် မြို့ ၃၃၈ မြို့၏ လေထု အရည်အသွေး ကောင်းမွန်သောနေ့ အချိုးအစားမှာ ၁့ ၃ ရာခိုင်နှုန်း တိုးလာပြီး ၇၉့ ၃ ရာခိုင်နှုန်းအထိ တိုးလာပါကြောင်း၊ PM2.5 ဒီဂရီမှာ ၉့ ၃ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ ခြုံပြီး ပြောလျှင် ကောင်းကင်ပြာ ထိန်းသိမ်းရေးလုပ်ငန်း၏ အောင်ကျိုးရလဒ် ကောင်းမွန် ပါကြောင်း ရှင်းလင်းပြောကြားပါသည်။ (ကျော့)

   Webradio