• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေသည် တရုတ်ပြည်၏ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေးကို ကျားကျန်ပေးမည်

(GMT+08:00) 2019-03-09 17:23:23

မကြာခင်က Airbusကုမ္ပဏီက တရုတ်ပြည် ရှင်ကျင့်တွင် အာရှ၌ ၄င်းထားရှိသည့် တစ်ခုတည်းသော ဆန်းသစ်တီထွင်ရေး စင်တာကို တရားဝင် ဖွင့်လှစ်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းသည် တရုတ်ပြည်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ခြင်း အခြေအနေကို ရောင်ပြန်ထင်ဟပ်နေကြောင်း၊ ယမန်နှစ်က တစ်ကမ္ဘာလုံးတွင် နိုင်ငံဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁၉ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၃ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်တွင် ၄င်းတိုးတက်မှု အလားအလာကို ထိန်းသိမ်းထားနိုင်ကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ နောက်ဆုံးထုတ် စားရင်တွင် ယခုနှစ် ဇန်နဝါရီလက တရုတ်ပြည်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုခြင်း ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၄့၈ရာခိုင်နှုန်း တိုးလာပြီး တရုတ်ပြည်တွင် အမေရိကန်နှင့် နယ်သာလန် နှစ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၁၂၄့၆ရာခိုင်နှုန်းနှင့် ၉၅့၆ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့ကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

လက်ရှိအချိန်တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် ၂၉၀၀ကျော်သည် ပီကင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေကို စိစစ်နေကြကြောင်း၊ ယင်းသည် တရုတ်ပြည်မှ တံခါးဖွင့်မှု တိုးချဲ့ရန် အရေးကြီးသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ၄င်းဥပဒေဖြင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၏ တရားဝင် အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရန်၊ တရားဥပဒေနှင့် အညီ စီမံအုပ်ချုပ်ရေး၊ နိုင်ငံတကာဖြစ်မှုနှင့် အဆင်ပြေမှုရှိသော ရင်းနှီးမြှုပ်နှံရေး အခြေအနေကို ဖန်တီးပေးရန်၊ တရုတ်ပြည်၏ တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေးကို ကျားကန်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု စတင် ကျင့်သုံးခဲ့သည့် အချိန်က တရုတ်ပြည်သည် နိုင်ငံခြား ရင်းနှီးမြှပ်နှံရေး ဆိုင်ရာ ဥပဒေ ၃ခုကို ရှေ့ဆင့်နောက်ဆင့် အတည်ပြုပြဌာန်းခဲ့ ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ၄င်းဥပဒေ ၃ခု အပါအဝင် ဥပဒေများအရ တရုတ်ပြည်တွင် တည်ထောင်သော ကုမ္ပဏီ စုစုပေါင်း အရေအတွက်မှာ ၉သိန်း၅သောင်းရှိပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀၀ကျော် ရှိကြောင်း၊ ၄င်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် တရုတ် စီးပွားရေး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေး၊ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု တိုးချဲ့ဆောင်ရွက်ရေး၊ လုပ်ငန်းဖွဲ့စည်းပုံ တရားနည်းလမ်းကျအောင် ထိန်းညှိရေး၊ အလုပ်အကိုင်နေရာ တိုးပွားစေရေးနှင့် ဈေးကွက်စနစ် ကောင်းမွန်ပြည့်စုံ စေရေးများ အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

၂၀၁၈ခုနှစ်က တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက်သည် လက်ရှိကျင့်သုံးနေသော နိုင်ငံခြား ရင်းနှီးမြှပ်နှံရေး ဆိုင်ရာ ဥပဒေ ၃ခုကို အစားထိုးရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေကို စတင် ရေးဆွဲချမှတ်ပြီး ၄င်းဥပဒေကို တရုတ်ပြည်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ရင်းနှီးမြှုပ်နှံမှုကို ဦးဆောင်ရေး အခြေခံ ဥပဒေ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ယခုအကြိမ် ရေးဆွဲချမှတ်သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေ မူကြမ်းတွင် တံခါးဖွင့်မှု၊ ပွင့်လင်းမှု၊ တရုတ်ပြည်၏ ဝိသေသ ထူးခြားချက်၊ လက်တွေ့အခြေအနေနှင့် နိုင်ငံတကာ စည်းမျဉ်းဥပဒေများ အကြား ညီညွတ်စေရေး၊ ပြည်တွင်း ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု တန်းတူညီမျှရေးများ အပေါ် မူတည်ခြင်း အပါအဝင် ဥပဒေပြုရေး အထောက်အပံ့များကို ဖော်ပြနေကြောင်း သိရသည်။

၎င်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေ မူကြမ်းတွင် အထွေထွေ စည်းမျဉ်းချုပ်၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ရင်းနှီးမြှုပ်နှံမှု ထိန်းသိမ်းကာကွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး၊ တရား ဥပဒေ ဆိုင်ရာ တာဝန် ဝတ္တရား၊ နောက်ဆက်တွဲ အချက် ၆ပိုင်းနှင့် အချက် ၄၁ချက် ပါဝင်ကြောင်း သိရသည်။

အကဲခတ်များက နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို တရုတ်ပြည်သို့ ဝင်ရောက်ခြင်း၊ တိုးမြှင့်ရေး၊ ထိန်းသိမ်းကာကွယ်ရေးနှင့် စီမံခန့်ခွဲရေး အတွက် အခြေခံ စနစ် မူဘောင်နှင့် စည်းမျဉ်းဥပဒေကို သတ်မှတ်ရန် ရည်ရွယ်ထား ကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သော ရင်းနှီးမြှုပ်နှံသူများ သက်ဆိုင်ရာ ပြဿနာများကို ကြုံတွေ့လျှင် တရုတ်ပြည်၏ သက်ဆိုင်ရာ ဥပဒေများအရ တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ပွင့်လင်းမှုရှိစွာဖြင့် ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ယူဆကြသည်။

ယခုအကြိမ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးတွင် ၄င်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ဥပဒေကို အတည်ပြု ပြဌာန်းရန် ရှေ့အလားအလာရှိကြောင်း၊ ယင်းသည် တရုတ်ပြည် အနေနှင့် စည်းမျဉ်းဥပဒေ စသည့် စနစ်ဆိုင်ရာ တံခါးဖွင့်မှုများ အပေါ် ပိုပြီး အလေးထားခြင်းကို ဖော်ဆောင်နေကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio